ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက်၊ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်လှစ်

ကျိုက်ထို ဇူလိုင် ၂၀

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ ရပ်ကွက် ၊ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအတွက် ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ကျိုက်ထိုခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်က အဖွင့်အမှာစကားပြောကြားပြီး ကျိုက်ထိုခရိုင် ဥပဒေအရာရှိ(ကိုယ်စား) ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်အေးအေးနွယ်က သင်တန်းဖွင့်လှစ်ရခြင်းနှင့် စပ်လျဥ်း၍ ရှင်းလင်း‌ပြောကြားကာ ကျိုက်ထိုခရိုင် ဥပဒေရုံးနှင့် မြို့နယ်ဥပဒေရုံးတို့မှ သင်တန်းနည်းပြများက  ဥပဒေဆိုင်ရာ ဘာသာရပ်များကို သင်တန်းသား၊သင်တန်းသူများအား ဇူလိုင် (၂၀) ရက်နေ့မှ (၂၃)ရက်နေ့အထိ (၄) ရက်ကြာ ဆွေးနွေးပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးတင့်လွင်နှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်ဥပဒေရုံးမှ တာဝန်ရှိသူများ၊ သင်တန်းသား/သူများ တက်ရောက်ကြကြောင်း သိရသည်။

ကျိုက်ထို(ပြန်/ဆက်)