မအူပင် ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းအား ယနေ့နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန်က ရေလဲကလေးကျေးရွာရှိ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်း A-1 ခန်းမတွင်ကျင်းပပြုလုပ်သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်သန္တာထွေးမှ ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများအား ရှင်းလင်း ပြောကြားပြီး ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်မှ တက်ရောက် လာသည့် ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများအား အမှာစကားပြောကြားသည်။ ယင်းနောက် ဦးစီးအရာရှိ ဦးအာကာဦးမှ Moderator အဖြစ်ဆောင်ရွက်၍ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စား လှယ်များဖြစ်သည့် ဦးစောသောင်းဒန်နှင့် ဒေါ်သူဇာသန်းမြင့်တို့မှ ကျေးလက်ဒေသဖွံ့ဖြိုးရေး အကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုး ရေးဦးစီးဌာနမှူးဦးဇော်မင်းထွန်းမှ စိုက်ပျိုးရေးလုပ်ငန်း အကြောင်းအရာများအားလည်းကောင်း၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မျိုးမင်းမှ မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အကြောင်းအရာ များအားလည်းကောင်း၊ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှူးဦးတန်ဂျီးမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဆိုင်ရာ များအားလည်းကောင်း အသီးသီးရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ် (၁) ဦးစောသောင်းဒန်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် အမှတ် (၂) ဒေါ်သူဇာသန်းမြင့်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေး၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်၊ စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးဇော်မင်းထွန်း၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာ ဇော်မျိုးမင်း၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှူး ဦးတန်ဂျီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဦး အာကာဦးနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်များနှင့် စာအုပ်စာစောင်များအား စိတ်ပါ ဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ် (ပြန်/ဆက်)