မော်လိုက် ဇူလိုင် ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့တွင် ဝန်ထမ်းများနှင့်ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ဇူလိုင်လ (၁၈) ရက်နေ့မှစ၍ ယမန်နေ့အထိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ဆက်လက်ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ စားအုန်းဆီများ ရောင်းချပေးရာတွင် မော်လိုက်မြို့ပေါ်ရှိ ဝန်ထမ်းများနှင့် ဒေသခံပြည်သူများအား အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ နှစ်ပိဿာနှုန်းဖြင့် ပြင်ပပေါက်ဈေးထက် ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိပြီး ဇူလိုင်လ (၂၀) ရက်နေ့တွင်လည်း ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)