ဟင်္သာတမြို့နယ်တွင် ကုန်စုံဆိုင်များနှင့် စားသုံးဆီအရောင်းဆိုင်များအား ရှောင်တခင်စစ်ဆေးရေးအဖွဲ့များက ကွင်းဆင်းစစ်ဆေး

ဟင်္သာတ ဇူလိုင် ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ စားအုန်းဆီဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးအဖွဲ့များက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ စားအုန်းဆီဖြန့်ဖြူးရောင်းချလျက်ရှိသောဆိုင်များအား ရှောင်တခင်ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမိုးကျော် ဦးဆောင်၍ သက်ဆိုင်ရာအဖွဲ့ဝင်များက ဟင်္သာတမြို့ ဘုရားကြီးရပ်ကွက်၊ ပတ္တမြားရပ်ကွက်၊ ကနောင်စု ရပ်ကွက်များအတွင်းရှိ ဆီဆိုင်များတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အထူးစုံစမ်းရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးကော်မတီနှင့် သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ခွဲတမ်းရဆီများကို အိမ်ထောင်စုများအား ဖြန့်ဝေရောင်းချမှုရှိမရှိနှင့် ပြင်ပဆီများ ရောင်းချမှုရှိမရှိတို့ကိုလည်းကောင်း၊ သတ်မှတ်ရည်ညွှန်းဈေးနှင့်အညီ ရောင်းချမှုရှိမရှိတို့အား ရှောင်တခင်ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)