တောင်တွင်းကြီး ဇူလိုင် ၂၀
မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၌ ဘောလုံးဒိုင်လူကြီးသင်တန်းဖွင့်ပွဲကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ်နှင့် အားကစားနှင့်ကာယပညာဦးစီးဌာန သို့ပူးပေါင်း၍ ယနေ့နံနက် ၈ နာရီက မြို့နယ်ရန်ပယ် အားကစားကွင်းမိုးလုံလေလုံခန်းမ၌ ပြု လုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးက အဖွင့်အမှာစကားပြောကြားကာ သင်တန်းသားများနှင့် တစ်ဦးချင်းနှုတ်ဆက်ခြင်းနှင့် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သင်တန်းနည်းပြ ဆရာတစ်ဦးက နှုတ်ဆက်စကားပြောကြားခဲ့ပြီး တောင်တွင်းကြီးမြို့နယ် ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌ က သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအရာများအား အသေးစိတ်ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းသို့ သင်တန်းသား(၂၀) ဦးတက်ရောက်၍ သင်တန်းကာလမှာ ဇူလိုင်လ ၂၀ ရက်နေ့မှ ၂၄ ရက်နေ့ထိ သင်ကြားဖွင့်လှစ်ပို့ချသွားမည်ဖြစ်ပါသည်။ ထို့နောက် ၂၀၂၅ ခုနှစ်တွင် ရရှိခဲ့သော သခင်ဖိုးလှကြီးဒိုင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌမှ မြို့နယ်ဘောလုံအဖွဲ့ချုပ် ဥက္ကဋ္ဌ ထံလွှဲပြောင်းအပ်နှံပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မကွေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှနည်းပြဆရာများ၊ မြို့နယ်ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဦးမျိုး(ဗိဿနိုးမြေ)