မကွေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ထပ်ဆင့်ရှင်းလင်းပွဲ ကျင်းပ

မကွေး ဇူလိုင်လ ၂၀

ပြည်ထောင်စုတရားလွှတ်တော်ချုပ်နှင့် တိုင်းဒေသကြီး/ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်များ၊ တိုင်းဒေသကြီး/ပြည်နယ်တရားရေးဦးစီးမှူးများ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတရားသူကြီး/ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတရားသူကြီးများ/ခရိုင်တရားသူကြီးများ၏ (၃၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပပြီးစီးမှု ထပ်ဆင့်ရှင်းလင်းပွဲ အခမ်းအနားကို ယမန်နေ့ နံနက် (၉) နာရီက မကွေးတိုင်းဒေသကြီးတရားလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ မကွေးတိုင်းဒေသ ကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်နှင့် တိုင်းဒေသကြီးအတွင်းမှ တရားသူကြီးများ၊ တရားရေးအရာရှိများ Inperson နှင့် Online တို့ဖြင့် စုစုပေါင်း (၇၅)ဦး တက်ရောက်ကြသည်။

ဦးစွာ မကွေးတိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်မိမိမော်က တရားစီရင်ရေးနှင့် စီမံခန့်ခွဲရေးလုပ်ငန်းများအား ဥပဒေလုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီလိုက်နာ ဆောင်ရွက်ကြရေး၊ အမှုလက်ကျန်ကျဆင်းရေး၊ အဂတိကင်းရှင်းရေး၊ တရားစီရင်ရေးဆိုင်ရာမဟာ ဗျူဟာစီမံကိန်း (၂၀၂၃-၂၀၂၇)၏ စတုတ္ထနှစ် လုပ်ငန်းအစီအစဉ် (၂၀၂၆-ခုနှစ်) အောင်မြင်ရေးဝိုင်းဝန်း ကြိုးစားဆောင်ရွက်ကြရေးတို့ကိုမှာကြားခဲ့ပြီး တရားလွှတ်တော်တရားသူကြီး ဒေါ်ခင်နှင်းထွဋ်၊ ဦးထွန်းထွန်းအောင်၊ ဒေါ်မာလာနှင့် တရားရေးဦးစီးမှူး ဒေါ်စန္ဒာအေးတို့က ကဏ္ဍအလိုက်ရှင်းလင်း ဆွေးနွေးမှာကြားသည်။

ဆက်လက်၍ ခရိုင်/မြို့နယ်တရားသူကြီးများ၏ တင်ပြချက်များအပေါ် တိုင်းဒေသကြီးတရား လွှတ်တော်တရားသူကြီးချုပ်နှင့် တရားလွှတ်တော်တရားသူကြီးများ၊ တိုင်းဒေသကြီးတရားရေး ဦးစီးမှူးတို့က ပြန်လည်ရှင်းလင်းမှာကြားခဲ့ကြောင်း သိရသည်။

မောင်ခိုင်မင်း(ပြန်/ဆက်)