ကျောက်ဆည်မြို့၌ စားအုန်းဆီ   ၉၉၀ ပိဿာအား သတ်မှတ်ရည်ညွှန်းဈေးဖြင့် ရောင်းချပေး

ကျောက်ဆည် ဇူလိုင် ၂၀

 မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ စားသုံးဆီဝယ်ယူသုံးစွဲရာ၌ အထောက်အပံ့ရရှိစေရန်အတွက် စားအုန်းဆီတင်သွင်းသော သတ်မှတ်အရည်အသွေးပြည့်ဝသည့် Resources Group Trading Co.,Ltd မှ  စားအုန်းဆီများကိုဝယ်ပြီး အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်ယူခွင့်စာအုပ်များ ပြုလုပ်ပေး၍ တစ်ကြိမ်ရောင်းချပေးပါက ၂ ပိဿာနှုန်းဖြင့် အပတ်စဉ် ပြည်သူများအား အလှည့်ကျရောင်းချပေးလျက်ရှိကြောင်းသိရှိရပြီး ယမန်နေ့က စားအုန်းဆီ ၉၉၀ ပိဿာအား သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ထိုသို့ရောင်းချရာ၌ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များဖြစ်သည့် ဦးထင်လင်းအောင်(အမေထွား)စားအုန်းဆီအရောင်းဆိုင်မှ သင်္ဂတုံကျေးရွာမှပြည်သူများအား ၁၁၀ပိသာ၊ ဒေါ်ကေဇာခိုင်(နေလသုခ)မှ လေးဆယ်ကုန်းကျေးရွာမှ ပြည်သူများအား ၂၂၀ပိဿာ၊ ဒေါ်စန်းစန်းဌေး(နေလသု-၂)စားအုန်းဆီအရောင်းဆိုင်မှ ဒါန်းတိုင်ကျေးရွာပြည်သူများအား ၃၃၀ ပိသာ၊ ဒေါ်သဇင်အောင် (နေလသုခ)စားအုန်းဆီအရောင်းဆိုင်မှ ရဲဘော်ကြီးကျေးရွာပြည်သူများအား စားအုန်းဆီ ၃၃၀ပိသာ  စုစုပေါင်း စားအုန်းဆီ ၉၉၀ိဿာ ရောင်းချပေးခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာပြည်သူများအား အလှည့်ကျ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

စုစုအေး(ကျောက်ဆည်)