ညောင်ဦးမြို့နယ် တောင်ဇင်းတိုက်နယ်ဆေးရုံ၌ ဆေးကုသ

ညောင်ဦး ဇူလိုင် ၁၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ တောင်ဇင်းကျေးရွာအုပ်စု၊ တောင်ဇင်းကျေးရွာ၊ တောင်ဇင်းတိုက်နယ်ဆေးရုံ၌ ညောင်ဦးခရိုင် ပြည်သူ့ဆေးရုံကြီးမှ ဆေးရုံအုပ်ကြီး ဒေါက်တာသန္တာဆွေ ဦးဆောင်ကာ အထူးကုသရေးအဖွဲ့ (၁၂) ဖွဲ့နှင့် ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ အထောက်အကူပြုအဖွဲ့များ ပါဝင်သော ကျန်းမာရေးဝန်ထမ်းများသည် ဇူလိုင် ၁၈ ရက်နံနက် ၈ နာရီမှစတင်၍ တောင်ဇင်းတိုက်နယ်ဆေးရုံ၌ ဒေသခံပြည်သူများအား အထူးကွင်းဆင်းကုသပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းအထူးကုသရေးအဖွဲ့တွင် အထွေထွေအထူးကု၊ ခွဲစိတ်အထူးကု၊ သားဖွားမီးယပ်အထူး၊ ကလေးအထူး၊ အရိုးအကြောအထူး၊ အရေပြားအထူး၊ စိတ်ကျန်းမာရေးအထူး၊ မျက်စိအထူး၊ သွားနှင့်ခံတွင်းအထူးနှင့်ကင်ဆာအထူးကု ဆရာဝန်ကြီးများ ပါဝင်သော အထူးကုဆရာ ဝန်ကြီးများသည် သက်ဆိုင်ရာကဏ္ဍအလိုက် ကုသပေးလျက်ရှိပြီး လာရောက်ကုသသူ ၃၇၀ ဦး လာရောက်ကုသလျက်ရှိပြီး လာရောက်ဆေးကုသမှု ခံယူလျက်ရှိသည့် ဒေသခံပြည်သူများ အဆင်ပြေစေရန် ခရိုင်/မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်မိရပ်ဖများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းကုသရာသို့ ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များက ကွင်းဆင်းကုသပေးသည့် ဆရာဝန်ကြီးများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကူညီလုပ်အားပေးသူများနှင့် ဆေးကုသမှုလာရောက်သူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ဒီပါလင်း