သုံးခွမြို့နယ်၌ အစာအာဟာရဗေဒသင်တန်း ဖွင့်လှစ်

သုံးခွ ဇူလိုင် ၁၈

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် သုံးခွမြို့နယ် မွေးမြူရေးနှင့်ကုသရေးဉီးစီးဌာန မြိုနယ်ဉီးစီးမှူးရုံးတွင် အစာအာဟာရဗေဒသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျင်းပသည်။

ဦးစွာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာ ကျော်ကိုကိုခိုင်က တိရစ္ဆာန်များတွင် မတူညီသော အစာခြေအဖွဲ့အစည်းများ၊ အခြေခံအာဟာရဓာတ် ၅ မျိုး၊ အာဟာရအမျိုးအစားများ၊ အစာစပ်နည်းများအကြောင်းကို ဟောပြောခဲ့သည်။ ထို့နောက် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ဒုတိယဦးစီးမှူး ​ဒေါက်တာ ခင်ဘုန်းမြင့်က အစာသိုလှောင်ခြင်းနှင့် အရည်အသွေးထိမ်းသိမ်းခြင်းအကြောင်းအရာများကို ပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ကျေးရွာ ၅ ရွာမှ သင်တန်းသား ၁၂ ဦးအား ၅ ရက်တာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း(ပြန်/ဆက်)