ဒိုက်ဦးမြို့နယ်၌ ကိုယ်တိုင်စိုက်ပျိုး၊ မွေးမြူထုတ်လုပ်သူ အရောင်းဆိုင်များ ဖွင့်လှစ်ရောင်းချ

ဒိုက်ဦး ဇူလိုင် ၁၈

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ဒိုက်ဦးမြို့နယ်၊ ဈေးပိုင်းရပ်ကွက်၊ ကျောင်းကြီးလမ်း၊ မြို့မဈေး၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းရုံးရှေ့တွင်ပဲခူတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင်များကို ယနေ့နံနက် ၇ နာရီစ၍ ဖွင့်လှစ်ရောင်းချလျက်ရှိကြောင်း သိရသည်။

အဆိုပါ အရောင်းဆိုင်များသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ဦးဝေယံကျော်နှင့်အဖွဲ့ဝင်များ၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး စိုးသန့်၊ မြို့နယ်စည်ပင်သာယာရေး အမှုဆောင်အရာရှိနှင့် တာဝန်ရှိသူများ လိုက်လံကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကိုယ်တိုင်စိုက်ပျိုး/မွေးမြူထုတ်လုပ်ရေး အရောင်းဆိုင်များတွင် ကြက်သား၊ ဝက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ဆီနှင့် ဟင်းသီးဟင်းရွက်များအား ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

စိုးထက်ကျော်(ပြန်/ဆက်)