ပုဇွန်တောင်မြို့နယ်၌ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ‌နှင့် UID ထုတ်ပေးခြင်း ကွင်းဆင်းဆောင်ရွက်ပေး

ပုဇွန်တောင် ဇွန် ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ နိုင်ငံတော်အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် အသက်(၁၀)နှစ်ပြည့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်းနှင့် UID ထုတ်ပေးခြင်းကို ယနေ့နံနက် ၁၁:၃၀ နာရီက အမှတ်(၁)ရပ်ကွက်၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်း၊ တေဇခန်းမတွင် ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။

ထိုသို့ ပြုလုပ်‌ဆောင်ရွက်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦစီးမှူးရုံး၊ မြို့နယ်ဦးစီးမှူး ဦးအောင်ထွန်းမြင့် ဦးဆောင်သည့် ဝန်ထမ်းများက အသက်(၁၀)နှစ် ပြည့်ပြီးသည့် ကျောင်းသူ(၁၆)ဦးနှင့် ကျောင်းသား(၁၇)ဦး စုစုပေါင်း (၃၃) ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊ UID ထုတ်ပေးခြင်းတို့ကို ပြုလုပ်ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ ဆောင်ရွက်ပြီးသော နိုင်ငံသားစိစစ်ရေးကတ်နှင့် UID တို့ကို ဗိုလ်တထောင်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီအဖွဲ့ဝင် ဒေါ်တင်မိုးမိုးအေး၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အမှတ်(၁) ဦးစည်သူကြည်မြင့်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် အမှတ် (၂)ဦးစိုးမြင့်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်‌ရေးကော်မတီခေတ္တဥက္ကဋ္ဌ ဦးကျော်စွာဝင့်နှင့်အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ  ကျောင်းသား/ကျောင်းသူများအား ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ဟန်စုယဉ်