နတ်တလင်း ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ရှေးဦးသူနာပြုစုနည်းသင်တန်းကို ယနေ့ နံနက် ၉နာရီက ဖွင့်လှစ်ခဲ့သည်။
ဦးစွာ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်သူဇာဝင်းက သင်တန်းဖွင့်လှစ် ရခြင်း ရည်ရွယ်ချက်ကိုရှင်းလင်းပြောကြားပြီး မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့မှူး ဦးငြိမ်းချမ်းချိုမှ ရှေးဦးပြုစုခြင်း သဘောတရား အတွေးအခေါ်များ၊ လူနာဆန်းစစ်ခြင်းအကြောင်းများ၊ ရေနစ်ခြင်း၊ မြွေကိုက်ခြင်းအကြောင်းများ၊ မြို့နယ် ကြက်ခြေနီသူနာပြု ဒုတိယတပ်ဖွဲ့မှူး ဦးကျော်ဇင်ဦးမှ အရိုးကျိုးခြင်း၊ သွေးယိုစီးခြင်းအကြောင်းများအား ဇူလိုင် ၁၇ ရက်မှ ၁၉ ရက်နေ့ ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဝေယံဖြိုး(ပြန်/ဆက်)