မအူပင် ဇွန် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲအား ယမန်နေ့နံနက် (၁၀) နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း ပညာရတနာခမ်းမတွင် ကျင်းပပြုလုပ်သည်။
ဦးစွာ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းအုပ်ဆရာမကြီး ဒေါ်လေးခက်မှ အဖွင့်အမှာစကား ပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်သန္တာထွေးမှ အာဇာနည်နေ့ဖြစ်ပေါ်လာပုံ အကြောင်းအရာများနှင့် အာဇာနည် (၉) ဦး၏ အကြောင်းအရာများအား ရှင်းလင်းဟောပြောသည်။ ဆက်လက်၍ ပညာရေးဌာနမှ ဆရာကြီးဦးကျော်ဦး လက်ထောက်ညွှန်ကြားရေးမှူး (ငြိမ်း)က မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ အန္တရာယ်ဖြစ်စေနိုင်သောမူးယစ် ဆေးဝါးအမျိုးအစားများနှင့် ဆိုးကျိုးများအား အသိပညာပေး ဟောပြောသည်။ ယင်းနောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူ များမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်၊ စာစောင်များအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြရာ လက်ထောက်ညွှန်ကြားရေးမှူးနှင့်ဝန်ထမ်းများမှ ရှင်းလင်းပြသခဲ့ကြသည်။
အဆိုပါအသိပညာပေးဟောပြောပွဲသို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျာင်း၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်လေးခက်နှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အောင်မြင့်မြတ်(ပြန်ဆက်)