ငရုတ်ကောင်း ဇူလိုင် ၁၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့၌ ဇူလိုင်လ ၁၉ ရက်နေ့တွင် ကျရောက်မည့် (၇၉)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဟောပြောပွဲ၊ ဉာဏစွမ်းရည်ပြိုင်ပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲများကို ငရုတ်ကောင်း(အထက)ရွှေရတုခမ်းမဆောင်တွင် ဇူလိုင်လ ၁၅ ရက်နေ့ညနေ ၂ နာရီက ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ကျော်မာလာလွင်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်များ၏ အတ္ထုပ္ပတ္တိ စသည်တို့ကို အသိပညာပေးဟောပြော၍ (အ.ထ.က )ငရုတ်ကောင်း ကျောင်းသား/သူများက အာဇာနည်ခေါင်းဆောင်ကြီးများ၏ အကြောင်းအရာများကို မေးမြန်းခဲ့ကြရာ မေးမြန်းမှုများအား ပြန်လည်ဖြေကြားပေးခဲ့သည်။ ပြီးနောက် အာဇာနည်နေ့အကြောင်း သိမှတ်ဖွယ်ရာ အသိပညာပေး နံရပ်ကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် နေ့ထူးနေ့မြတ်များ၊ အထိမ်းအမှတ်နေ့များနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများကို ကျောင်းသား/သူ လူငယ်များ ပိုမိုသိရှိနိုင်စေရေးအတွက် ပြပွဲပြိုင်ပွဲများ၊ နယ်လှည့်အသိပညာပေးလုပ်ငန်းများဖြင့် လစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်း(ပြန်/ဆက်)