မာန်အောင်မြို့၌ မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်မှ၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးငွေပေးအပ်

မာန်အောင်    ဇူလိုင်    ၁၇

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်လယ်ယာဖွံဖြိုးရေးဘဏ်မှ ၂၀၂၆ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီခွဲက မြန်မာ့လယ်ယာဖွံဖြိုးရေးဘဏ်အစည်းဝေးခန်းမတွင် ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းက  အမှာစကားပြောကြားပြီး မြို့နယ်လယ်ယာဖွံဖြိုးရေးဘဏ်မန်နေဂျာဦးအေးသိန်းက စိုက်ပျိူးစရိတ်ချေးငွေ ထုတ်ချေးမှုနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။

ထို့နောက်တောင်သူများအား ချေးငွေထုတ်ပေးခြင်းကို သက်ဆိုင်ရာတာဝန်ရှိသူများက တောင်သူများအား ချေးငွေများပေးအပ်သည်။ မာန်အောင်မြို့နယ်တွင်မိုးရာသီစိုက်ပျိုးစရိတ်ထုတ်ချေးငွေများကို ယခင်နှစ် ချေးငွေကျေပြီးဖြစ်သည့် မျှော်တော်ဦးအုပ်စုမှ စိုက်ပျိုးမြေ(၂၇၇)ဧကအတွက် တောင်သူ(၇၃)ဦးအား (၁)ဧကလျှင်(၃)သိန်းနှုန်းဖြင့် ကျပ်(၈၃၁)သိန်းထုတ်ချေးပေးခဲ့သည်။ ကျန်ရှိသောကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း ဆက်လက်ထုတ်ချေးပေးသွားရန် စီစဉ်ထားရှိကြောင်း မြို့နယ်လယ်ယာဖွံဖြိုးရေးဘဏ်မှ သိရသည်။

မြို့နယ်ပြန်/ဆက်