ရေကြည်မြို့နယ် အားကစားနှင့်ကာယပညာကော်မတီဥက္ကဋ္ဌဖလား အသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ရေကြည် ဇူလိုင် ၁၇

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် အားကစားနှင့်ကာာပညာကော်မတီဥက္ကဋ္ဌ ဖလားအသက် (၂၂) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် အသက် (၂၂) နှစ်အောက် အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်း အနားကိုယမန်နေ့ ညနေ(၅)နာရီခွဲအချိန်က ပြည်သူ့အားကစားကွင်း၌ ကျင်းပခဲ့သည်။

အဆိုပါအားကစားနှင့်ကာာပညာကော်မတီဥက္ကဋ္ဌ ဖလားအသက်(၂၂)နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင်ရေကြည်အသင်း (က) နှင့် ရေကြည်အသင်း (ခ)တို့ အကြိတ်အနယ်ယှဥ်ပြိုင်ကစားခဲ့ရာ ရေကြည်အသင်း (က)ကြည်အသင်း (က) မှ အနိုင်ရရှိခဲ့ပြီးပွဲ   စဥ်တစ်လျှောက်ဂိုးအများဆုံးဆု၊ ရှေ့တန်းအကောင်းဆုံး အားကစားသမားဆု၊ အလယ်တန်း အကောင်းဆုံးအားကစားသမားဆု၊ နောက်တန်းအကောင်းဆုံး အားကစားသမားဆု၊ ပွဲစဥ်တစ် လျှောက်အကောင်းဆုံး ဂိုးသမားဆုများအား ကျုံပျော်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးစောထွန်းဝင်းနှင့် ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ဥက္ကဋ္ဌ) ဦးသန်း‌ဇော်လင်းနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများက ဘောလုံးပြိုင်ပွဲနှင့် ပိုက်ပျော်ခြင်းပြိုင်ပွဲတွင် ဆုရရှိသူများအား အသီးသီးဆုချီးမြှင့်ခဲ့ပြီး ပထမဆုရရှိသော ရေကြည်အသင်း (က)အား ပထမတံခွန်စိုက်ဖလားနှင့် ငွေသားဆုများကိုလည်း ဆုချီးမြှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါဘောလုံးပြိုင်ပွဲကို (၁၀-၆-၂၀၂၆) ရက်နေ့မှ (၁၅-၇-၂၀၂၆) ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)