ကယားပြည်နယ်တွင် သူနာပြုသိပ္ပံ(လွိုင်ကော်) ဖွင့်လှစ်

လွိုင်ကော်         ဇူလိုင်                ၁၆

နိုင်ငံတော်သမ္မတဦးမင်းအောင်လှိုင်က သူနာပြုသိပ္ပံ(နေပြည်တော်)နှင့် တိုင်းဒေသကြီး/ ပြည်နယ်များရှိ သူနာပြုသိပ္ပံများဖွင့်လှစ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက သူနာပြုသိပ္ပံ (နေပြည်တော်)၌ ကျင်းပရာ ကယားပြည်နယ်ဝန်ကြီးချုပ် ဦးအံ့မော်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊  ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ သူနာပြုသိပ္ပံ(လွိုင်ကော်)မှ ကျောင်းအုပ်ကြီး၊ နည်းပြများနှင့် ကျောင်းသားကျောင်းသူများက Virtual စနစ်ဖြင့် တက်ရောက်ခဲ့သည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် သူနာပြုသိပ္ပံ(လွိုင်ကော်)၏ Computer Room, Skills Lab and Library Room နှင့် သင်တန်းသား စားရိပ်သာများ၊ အိပ်ဆောင်များကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ကယားပြည်နယ် သူနာပြုသိပ္ပံကျောင်းကို ယခင်က သူနာပြုသင်တန်းကျောင်းအဖြစ် ၁၉၉၃ ခုနှစ်၊ ဇူလိုင်လ ၁ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၁၆ ရက်တွင် သူနာပြုသိပ္ပံ (လွိုင်ကော်)အဖြစ် အဆင့်မြှင့်တင်ဖွင့်လှစ်နိုင်ခဲ့ရာ ယနေ့အထိ သူနာပြုဒီပလိုမာရရှိသူ ၁၃၈၇ ဦး၊ ဘက်စုံသားဖွားဒီပလိုမာရရှိသူ ၆၉၅ ဦးကိုမွေးထုတ်ပေးနိုင်ခဲ့ပြီး ယခု ၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ၆၆ ဦးတက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)