ဇလွန်မြို့နယ်၌ ဥပဒေအသိပညာ ပြန့်ပွားရေးဆရာဖြစ်သင်တန်း (TOT) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

ဇလွန်    ဇူလိုင်    ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနအစည်း အဝေးခန်းမ၌ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအ တွက်ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်သင်တန်း(TOT)ဖွင့်ပွဲ အခမ်းအနား ကို ယနေ့ နံနက် ၁၁ နာရီတွင် ကျင်းပပြု လုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေး နှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်း ထွန်းလင်းက ရပ်ကွက်နှင့်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေ၊ နည်းဥပဒေနှင့် လုပ်ထုံးလုပ် နည်းများကို မှန်ကန်စွာနားလည်သဘောပေါက်ထား ရန်လိုအပ်ကြောင်း၊ သင်တန်းမှသင် ကြားပို့ချပေးမည့် ဘာသာရပ်များကို အလေးထား လေ့လာသင်ယူ၍ လုပ်ငန်း ခွင်တွင် လက်တွေ့ အသုံးချဆောင်ရွက် ရန်အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် မြို့နယ်ဥပဒေအရာရှိ ဦးနေ လင်းထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြော ကြားရာတွင် ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၏ ဥပဒေဆိုင်ရာအသိပညာနှင့် လက်တွေ့ဆောင်ရွက်နိုင်မှုစွမ်းရည်များ မြင့်မားလာစေရန်၊ သင်တန်းသားများအနေဖြင့် ဥပဒေဆိုင်ရာ အသိပညာများကိုရရှိကာ ပြည်သူများ ထံသို့ ထိရောက်စွာ ပြန်လည်မျှဝေနိုင် စေရန် စသည့်အချက်များကို ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပါ သင်တန်းကာလမှာ ဇူလိုင်လ၁၆ရက်နေ့မှ ၁၈ ရက်နေ့ အထိ ၃ ရက် ကြာ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်​ ကြောင်းသိရသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)