ပုသိမ်၌ အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးလူထုလှုပ်ရှားမှု အစီအစဉ်အရ အခွန်ဆိုင်ရာအသိပညာပေးဟောပြော

ပုသိမ် ဇူလိုင် ၁၆

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များဦးစီးဌာန ဧရာဝတီတိုင်းဒေသကြီး အခွန်ဦးစီးဌာနမှူးရုံးက ကြီးမှူးကျင်းပသော အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့် အခွန်တာဝန်လေးစားလိုက်နာမှုတိုးတက်ရေး လူထုလှုပ်ရှားမှုအစီအစဉ်အရ အခွန်ဆိုင်ရာ အသိပညာပေးဟောပြောကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပရာအခမ်းအနားသို့ ပုသိမ်တက္ကသိုလ်ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပြည်တွင်းအခွန်များဦးစီးဌာန တိုင်း‌ဒေသကြီးဦးစီးမှူးနှင့်ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာပုသိမ်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာသွယ်လင်းကိုက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပုသိမ်မြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကိုဦးက အခွန်ဆိုင်ရာအသိပညာတိုးတက်ရေးနှင့်အခွန်တာဝန်လေးစားလိုက်နာမှု တိုးတက်ရေးအတွက် လူထုလှုပ်ရှားမှုအစီအစဉ်လုပ်ငန်းစီမံချက်၏ ရည်ရွယ်ချက်များ၊ ပြည်တွင်းအခွန်များဦးစီးဌာနက ကောက်ခံလျက်ရှိသည့် အခွန်မျိုးအစားများနှင့် အခွန်အကြောင်းသိကောင်းစရာများကို ရှင်းလင်း ဆွေးနွေးရာ တက်ရောက်လာကြသော ဆရာ၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများမှ သိရှိလိုသည်များကိုမေးမြန်းရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားခဲ့ကြသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)