မြန်အောင် ဇူလိုင် ၁၆
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Center ခန်းမ၌ ယမန်နေ့နံနက်က စာပေချစ်မြတ်နိုးသူများ Book Club အဖွဲ့မှ စာဖတ်ဝိုင်းနှင့် AIA Universal Life အသက်အာမခံ၊ ကျန်းမာရေးအာမခံအကြောင်း သိကောင်းစရာများ ဆွေးနွေးကျင်းပပြုလုပ်သည်။
ဦးစွာဆွေးနွေးပွဲတွင် AIA Universal Life အသက်အာမခံနှင့် ကျန်းမာရေးအာမခံအကြောင်း သိကောင်းစရာများကို Financial Services Manager ဒေါ်ရီရီမြင့်က AIA Myanmar ကုမ္ပဏီ အကြောင်းနှင့် အသက်အာမခံနှင့်ကျန်းမာရေးအာမခံထားရှိခြင်းအားဖြင့် ရရှိမည့်အကျိုးကျေး ဇူးများကို ရှင်းလင်းပြောကြားပြီး Financial Services Consultant ဒေါ်သီတာဦးက အသက် အာမခံနှင့်ကျန်းမာရေးအာမခံ အမျိုးအစားများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်ကြသူများ ၏ ဆွေးနွေးမေးမြန်းမှုများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းနာယက ဦးသန်းညွှန့်(ဇင်မင်း-သမိန်ထော) က သုတရသစာပေ၊ စာစီစာကုံး၊ ကဗျာနှင့်ဂီတဆက်နွယ်မှုအကြောင်း ဆွေးနွေးပြီး စာဖတ်သူအကြိုက် စာပေစကားဝိုင်းဆွေးနွေးပွဲပြုလုပ်သည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တက်ရောက်ကြသည့် မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြန်/ဆက်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊စာပေချစ်မြတ်နိုးသူများက စာပေရေးသားရေး၊ စာကြည့်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အကြံပြုဆွေးနွေးခဲ့ကြပြီး စာဖတ်ရှိန်မြှင့်တင်ရေး၊ စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးရေး ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ဝင်းဗိုလ်(ပြန်/ဆက်)