မင်းလှမြို့နယ်၌ လူကုန်ကူးမူတား ဆီးကာကွယ်ရေးနှင့် မူးယစ်ဆေးဝါးအန္တ ရာယ်အသိပညာပေးဟောပြော

မင်းလှ ဇူလိုင် ၁၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် လူကုန်ကူးမူတားဆီးကာကွယ်ရေး၊ မူးယစ်ဆေးဝါးအန္တရာယ်နှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးအကြောင်း အသိပညာပေးဟောပြောခြင်းကို ဇူလိုင် ၁၄ ရက် နံနက် ၉ နာရီချိန်က အ.ထ.က စစ်ကွင်းရွှေရတုခန်းမ၌ ပြုလုပ်သည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးမျိုးသန့်တို့က အမှာစကားများ ပြောကြားသည်။

ပောာပြောပွဲတွင် စစ်ကွင်းနယ်မြေရဲစခန်းမှူး ရဲအုပ်ရဲမင်းထွန်းကမှုးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ တားဆီးကာကွယ်ရေးအကြောင်း၊ အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နှင်းရေးတပ်ဖွဲ့စိတ် (သာယာဝတီ)မှ တပ်ဖွဲ့စိတ်မှူး ရဲအုပ်ဥက္ကာသွင်က လူကုန်ကူးခံရခြင်းတွင် အများဆုံးဖြစ်ပွားလေ့ရှိသော ပုံစံများ၊ လူကုန်ကူးခြင်းခံရပါက ဆက်သွယ်ဆောင်ရွက်ရမည့်အကြောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းပိုင်းက ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေးအကြောင်းတို့ကို အသိပညာပေးပြောကြားသည်။

အဆိုပါဟောပြောပွဲကို စစ်ကွင်းမြို့အုပ်ချုပ်ရေးမှူး၊ ဒုတိယမြို့နယ်ပညာရေးမှူး၊ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ ဆရာမများ၊ ကျောင်း သား/သူများစုစု​ပေါင်း (၅၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်းသိရသည်။

ပေါက်စ(မင်းလှ)