မြင်းမူ ဇူလိုင် ၁၄
မြင်းမူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ မြင်းမူမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ် (၁) အခြေခံပညာအလယ် တန်းကျောင်းခွဲ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
မြင်းမူမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်ဝင်းလှိုင်နှင့်ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးရာတွင် ကျား (၁၉) ဦး၊ မ (၈) ဦး စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ (၂၇) ဦးအား အသက် (၁၀) နှစ်ပြည့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့သည်။
နေလင်းအောင် (ပြန်/ဆက်)