ကျေးသီးမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များပြသ

ကျေးသီး ဇူလိုင် ၁၄

ကျေးသီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား၊ ကျောင်းသူများ စာပေကို အလွယ်တကူဖတ်ရူလေ့လာနိုင်ရန်နှင့် ပြင်ပဗဟုသုတစာပေများကို ဖတ်ရှုလေ့လာပြီး လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ နယ်လှည့်စာကြည့်တိုက်နှင့် နံရံကပ်စာစောင်များပြသခြင်းကို ယနေ့ နံနက် (၉) နာရီအချိန်က ကျေးသီးမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။          

ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က အာဇာနည်နေ့ ဖြစ်ပေါ်လာပုံနှင့် အာဇာနည် (၉) ဦးအကြောင်းတို့ကို အသိပညာပေး ဟောပြောသည်။ အဆိုပါ ဟောပြောပွဲတွင် အာဇာနည်ခေါင်းဆောင် (၉) ဦး၏ သမိုင်းအကြောင်းအရာများ လူငယ်ရေးရာ အသိပညာပေး၊ မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း သိကောင်းစရာစသည့်  အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။        

ကျေးသီး(ပြန်/ဆက်)