မြောင်းမြ ဇူလိုင် ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၌ ၂၀၂၆-၂၀၂၇ ခုနှစ်၊ (မိုးစပါး)ဆန်စပါးစိုက်ပျိုး ရေးဇုန်(Rice Export Zone) စီမံကိန်းအကောင် အထည်ဖော်ဆောင်ရွက်သည့် Si Pwar Trading Co.,ltd မှ တောင်သူများအား သွင်းအားစုပေးအပ်ပွဲနှင့်သဘောတူစာချုပ် ချုပ်ဆိုခြင်းအခမ်းအနားကို ဇူလိုင်လ (၁၂) ရက်နေ့ နေ့လယ်(၁)နာရီအချိန်က မြရွှေဝါခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြောင်းမြခရိုင် Rice Export Zone အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်း ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်ကအဖွင့်အမှာစကား ပြောကြားပြီးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးစိုးနိုင်က အမှာစကားပြောကြားခြင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ခင်ဌေးမြင့်က Rice Export Zone စီမံကိန်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ Si Pwar Trading Co.,ltd မှ Managing Director ဒေါ်နော်ခင်ခင်မှ Exporter Companyအနေဖြင့် ဆောင်ရွက်မည့်လုပ်ငန်းများအားရှင်းလင်းပြောကြားပြီး မြောင်းမြခရိုင် Rice Export Zone အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမောင်မောင်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိုးနိုင်၊ မြောင်းမြမြို့နယ် Rice Export Zone အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ကိုကို၊ ခရိုင်စိုက်ပျိုးရေးဦးစီးမှူးဒေါ်ခင်ဌေးမြင့်နှင့် Si Pwar Trading Co.,ltd မှ Managing Director ဒေါ်နော်ခင်ခင်တို့မှ တက်ရောက်လာသည့် တောင်သူများအား သွင်းအားစုများပေးအပ်ခဲ့ကြောင်းသိရသည်။
မို့မို့(ပြန်/ဆက်)