ကြံခင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီများရောင်းချပေးနေမှုများအား တာဝန်ရှိများက ကွင်းဆင်းစစ်ဆေး

ကြံခင်း    ဇူလိုင်   ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ ယနေ့နံနက်ပိုင်းက မော်တော်ယာဉ်များနှင့် ဆိုင်ကယ်များအား QR Code စနစ်ဖြင့် ရောင်းချ ပေးနေမှု၊ လိုအပ်သောဆီပမာဏထက် ကျော်လွန်ရောင်းချမှု မရှိစေရေး တာဝန်ရှိများက ကွင်းဆင်း စစ်ဆေးကြသည်။

အဆိုပါ ရောင်းချနေမှုများအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အတွင်းရေးမှူး ယာယီမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကျော်ဇံ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ မြို့နယ်စားသုံးသူရေးဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ တို့ပါဝင်သော မြို့နယ်စက်သုံးဆီရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များက ရွှေဗျိုင်းဖြူ၊ အိုဝမ်း၊ ဖြိုးစည်သူ၊ မော်ကွန်းသစ် စက်သုံးဆီအရောင်းဆိုင် များတွင် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်၊ ညွှန်ကြားချက်များ နှင့်အညီ စုံ၊ မရက်အလိုက် QR Code စနစ်ဖြင့် စက်သုံးဆီရောင်းချမှု အခြေအနေများ၊ လိုအပ်သောဆီပမာဏထက် ကျော်လွန် ရောင်းချမှု မရှိစေရေး၊ ဆီပြတ်လပ်မှုမရှိ  မဖြစ်ပေါ်စေရေး၊ မီးဘေးအန္တရာယ်မဖြစ်ပေါ်စေရေးတို့ကို ကြည့်ရှုစစ်ဆေးကာ ဆီဆိုင်တာဝန်ခံများအား လို့အပ်သည်များဆောင်ရွက်နိုင်ရေး အသိပညာပေး ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

 ဖြိုးဝေလင်း(ပြန်/ဆက်)