မအူပင်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများနှင့် ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌ တွေ့ဆုံပွဲကျင်းပ

မအူပင် ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်အတွင်းရှိ ဒေသခံပြည်သူများ၊ မြို့မိမြို့ဖများ၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံပွဲအခမ်းအနားအား ယနေ့နံနက် (၉) နာရီ (၃၀) မိနစ်က အမှတ်(၄)ရပ်ကွက်၊ ကမ်းနားလမ်းရှိ တိုးရွေဝါခန်းမတွင် ကျင်းပပြုလုပ်သည်။

ဦးစွာ မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်မှ မအူပင်ခရိုင်၏ အုပ်ချုပ်ရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများအား ရှင်းလင်းတင်ပြပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းမှ လွှတ်တော်ဆိုင်ရာတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးစောသက်နိုင်ဦးမှ လွှတ်တော်ရေးရာအတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် တက်ရောက်လာသည့် မအူပင်၊ ပန်းတနော်၊ ညောင်းတုန်း၊ ဓနုဖြူ မြို့နယ်များရှိ ရပ်မိ၊ ရပ်ဖများမှ မိမိတို့ဒေသ၏ လိုအပ်ချက်များအားတင်ပြရာ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးသိန်းထွန်းမှ တင်ပြချက်များအပေါ် ပြန်လည်ရှင်းလင်းဖြေကြား ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သက်ခိုင်နှင့် မအူပင်၊ ပန်းတနော်၊ ညောင်တုန်း၊ ဓနုဖြူမြို့နယ်များမှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိ၊ မြို့ဖများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မအူပင်မြို့နယ်ရှိ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဒေသခံပြည်သူများတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အောင်မြင့်မြတ်(ပြန်/ဆက်)