ဟင်္သာတမြို့နယ်၌ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ဆောင်ရွက်

ဟင်္သာတ ဇူလိုင် ၁၀

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှကြီးမှူး၍ ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းကို ဇူလိုင် ၁၀ ရက်နေ့နံနက် ၈ နာရီအချိန်က ဟင်္သာတမြို့ ပခန်းရပ်ကွက်၊ ဧရာဝတီမြစ်ကမ်းနားဆိပ်ကမ်းတွင် ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဥက္ကာ ဦးဆောင်သော ရှာဖွေကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များက ရေဘေးအန္တရာယ်တုံ့ပြန်ဆောင်ရွက်ရေးအတွက် သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းများကို၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကြက်ခြေနီသူနာပြုတပ်ဖွဲ့၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ဟင်္သာတမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်မင်းနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးဥက္ကာနှင့် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊လူမှုရေးအသင်းအဖွဲ့များ၊ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြောင်းသိရသည်။

ခရိုင်ပြန်ဆက်(ဟင်္သာတ)