အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်)တွင် ပဉ္စမအကြိမ်အောင်လက်မှတ်ပေးအပ်

ကျောက်ဆည် ဇူလိုင် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ အစိုးရနည်ပညာအထက်တန်းကျောင်း(ကျောက်ဆည်)၌ ယနေ့ နံနက် ၉ နာရီက ပဉ္စမအကြိမ်အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနား ကျင်းပသည်။

အခမ်းအနားတွင် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) ကျောင်းအုပ်ကြီး ဒေါက်တာ ဇာနည်ထွန်းက ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီလအတွက် ကောင်းစွာအောင်မြင်ခဲ့သည့် အဆောက်အဦနည်းပညာသင်တန်း၊ လျှပ်စစ်နည်းပညာသင်တန်း၊ မော်တော်ယာဉ် နည်းပညာသင်တန်းတို့၌ အောင်မြင်ခဲ့သည့် ကျောင်းသား၊ကျောင်းသူများအား အောင်လက်မှတ်များအပ်နှင်းခဲ့ကြောင်း သိရသည်။

ဆက်လက်ပြီး အစိုးရနည်းပညာအထက်တန်းကျောင်း(ကျောက်ဆည်) ကျောင်းအုပ်ကြီးက ယနေ့ကျင်းပသည့် ပဉ္စမအကြိမ်အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားသည် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာနှင့်သက်မွေးပညာရေး၏ အခန်းကဏ္ဍအရေးပါပုံနှင့် မိမိတို့တက်မြောက်ထားသည့် သက်မွေးပညာသည် နိုင်ငံ့အတွက်အရေးပါသောပညာရေးဖြစ်သည်ကို သက်သေပြသည့် ပြယုဂ်တစ်ခုဖြစ်ကြောင်း၊ အောင်မြင်ကြောင်းလက်မှတ်သည် နိုင်ငံတစ်ကာ စံချိန်စံညွှန်းနှင့်ကိုက်ညီသည့် အရည်အသွေးပြည့်ဝသော သက်မွေးပညာလက်မှတ်တစ်ခုအဖြင့် ဂုဏ်ယူကြစေလိုကြောင်း ကျောင်းမှ လေ့ကျင့်သင်ကြားမှုများအပေါ် အခြေခံပြီး ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ မိမိဒေသ၊ မိမိနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာတာဝန်များကို တာဝန်ယူမှု၊ တာဝန်ခံမှုနှင့် တာဝန်ကျေပွန်စွာ ကြိုးပမ်းထမ်းဆောင်ကြသွားရန် တိုက်တွန်းစကားများပြောကြားခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)