ရေတာရှည် ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့ (၁၆) ခု တင်ဆံ့တိုင်းရင်းဆေးရုံ၌ ယမန်နေ့နံနက်ပိုင်းက တိုင်းရင်းဆေးပညာ စဥ်ဆက်မပြတ် အသိပညာပေးရေး (CTME) အခမ်းအနား ကျင်းပခဲ့သည်။
အဆိုပါ (CTME) အခမ်းအနားတွင် သဘာပတိအဖြစ် ဒေါ်မေနှင်း မြို့နယ်တိုင်းရင်းဆေးမှူး (ငြိမ်း)မှဆောင်ရွက်ပြီး စာတမ်းရှင် ဦးပြည့်ဖြိုးမောင်(လက်ထောက်တိုင်းရင်းဆေးမှူး) က “ထုံနာကျင်နာရောဂါစာတမ်း”ကို ဖတ်ကြားခဲ့သည်။ ထို့နောက်တက်ရောက်လာသူ ဆရာ/ ဆရာမများက သိရှိလိုသည်များကို ဆွေးနွေးမေးမြန်းခဲ့ရာ စာတမ်းရှင်က ပြန်လည်ဖြေကြားခဲ့ကြောင်း သိရသည်။
အဆိုပါတိုင်းရင်းဆေးပညာ စဥ်ဆက်မပြတ် အသိပညာပေးရေး (CTME) အခမ်းအနားသို့ ဆရာ/ဆရာမများ စိတ်ပါဝင်စားသူများ (၁၁) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)