မြို့သစ် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်သမဝါယမဦးစီးဌာနမှ ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ လူမှုစီးပွားမြှင့်တင်ရေး (သက်တံ့ရောင်) စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအတွက် မျိုးနှင့်သွင်းအားစု ပံ့ပိုးပေးအပ်ပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ထန်းတစ်ပင် ကျေးရွာအုပ်စု၊ လယ်ပြင်စုကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ဦးစွာ မြို့သစ်မြို့နယ်သမဝါယမဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇာလတ်ဖြူက ဝါသီးနှံစိုက်ပျိုးသည့် တောင်သူများအား လူမှုစီးပွားမြှင့်တင်ရေး (သက်တံ့ရောင်) စီမံကိန်းဖြင့် မျိုးနှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြား၍ လယ်ပြင်စုကျေးရွာ၊ ခိုင်ရွေဝါ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်းသမဝါယမအသင်းသား တောင်သူ (၂၇) ဦး၊ ဝါသီးနှံဧက (၁၀၀) ဧကအတွက် စုစုပေါင်း ငွေကျပ်သိန်း (၂၃၆၀၀၀၀၀/-) တန်ဖိုးရှိ မျိုးစေ့နှင့်သွင်းအားစုများ ပံ့ပိုးပေးအပ်ခဲ့ကြောင်း သိရသည်။
ဝင်းအိဇွန်