ချောက် ဇူလိုင် ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ် စလေမြို့ မကျီးကန်ကျေးရွာအုပ်စု ကွင်းအမှတ် (၂၂၈၁) တောင်သူ ဦးရဲညွန့်၏သရက်စိုက်ခင်းအတွင်း မြေနိမ့်ကော်ဖီ (ရိုဘတ်စတာ) တစ်ဧကစမ်းသပ်စိုက်ပျိုးခြင်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ကြီးကြပ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးခဲ့သည်။
အဆိုပါမြေနိမ့်ကော်ဖီ (ရိုဘတ်စတာ) တစ်ဧကစမ်းသပ် စိုက်ပျိုးခြင်းကို တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းနိုင်ဦး ဦးဆောင်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးခင်မောင်ဝင်းနှင့်ဝန်ထမ်းများ၊ စလေမြို့အုပ်မှူး ဦးသော်သန့်ဇင်၊ စလေမြို့မရဲစခန်းမှူး စိုးဇော်ဇော်၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ တောင်သူများတက်ရောက်စိုက်ပျိုးခဲ့ကြောင်း သိရသည်။
ကျော်မိုး(ပြန်/ဆက်)