နတ်မောက်မြို့ အမှတ် ( ၁) အခြေခံပညာအထက်တန်းကျောင်းတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲ ကျင်းပ

နတ်မောက် ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲက ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းအသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအသိပညာပေးဟောပြောပွဲတွင် နတ်မောက်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲဒုတိယရဲမှူး သန်းထွန်းက ယာဥ်မတော်တဆမှုဖြစ်ပွားရသည့်အကြောင်းအရင်းများ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ ဥပဒေများ၊ ယာဥ်အန္တရာယ်၊ လမ်းအန္တရာယ်များ ကင်းရှင်းစေရေး လိုက်နာရမည့်အချက်များ၊ ပြည်ပနိုင်ငံများတွင်တရားမဝင် သွားရောက်လုပ်ကိုင်ရသည့် အလုပ်အကိုင်အမျိုးအစားများ၊ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေများ၊ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆောင်ရွက်ရမည့် နည်းလမ်းများ စသည့်အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့သည်။

ထို့နောက် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အသိပညာပေးဟောပြောပွဲသို့ ဆရာ/ မများနှင့် ကျောင်းသား/ သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း