နတ်မောက် ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့တို့က ကျောင်းသား/ သူများအား နွားနို့နှင့် ငှက်ပျောဖြည့်စွက်အာဟာရတိုက်ကျွေးခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က နတ်မောက်မူလတန်းကြိုကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ အာဟာရတိုက်ကျွေးရာတွင် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့တို့က မူလတန်းကြိုကျောင်းရှိ ကျောင်းသား/ သူ အယောက် (၁၀၀) ဦးအား နွားနို့နှင့် ငှက်ပျောဖြည့်စွက်အာဟာရတိုက်ကျွေးခဲ့ရာ ကျောင်းရှိ ဆရာမများကလည်း ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
လှဝင်း