သရက် ဇူလိုင် ၁၁
မကွေးတိုင်းဒေသကြီး၊ သရက်မြို့တွင် သက်ပြည့်အငြိမ်းစားယူသည့် ပညာရေး (ငြိမ်း) ဆရာမကြီး (၂) ဦးအား တစ်ဦးလျှင် ငွေကျပ် (၁၅) သိန်း ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို ယနေ့ နံနက် (၉ )နာရီက ခရိုင်စာကြည့်တိုက် Community Centreခန်းမ ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါအခမ်းအနားတွင်၊ ပီတိပညာရေးပရဟိတနာယက ဦးတင်ထွဋ်နှင့် ပီတိပညာရေးပရဟိတနာယက ဦးအောင်ကျော်ဦးတို့က အငြိမ်းစားယူပြီး ဆရာကြီး ဆရာမများ လစဉ်အလှူငွေ ပေးအပ်ရာမှာ စေတနာအလှူငွေကောက်ခံသည့်စနစ်ဖြင့် ဆောင်ရွက်၍ ထောက်ပံ့ငွေပေးအပ်ရခြင်းဖြစ်ကြောင်း ပြောကြားပေးခဲ့ပြီး ပီတိပညာရေးပရဟိတ အဖွဲ့ဝင် ဦးမြင့်သိန်းက စေတနာ အလှူ ငွေကောက်ခံ ဆောင်ရွက်ရသည့် အခြေ အနေများကို ရှင်းလင်းပြောကြား ခဲ့သည်။
ထို့နောက် သက်ပြည့်အငြိမ်းစားပင်စင်ယူသည့် ဒေါ်မို့မို့လှိုင်သန်း အထပြ အထက (၁) နှင့် ဒေါ်အေးအေးသန်း မူလတန်းပြ (အလက-ခွဲ) လုံးတော်အား ပီတိပညာရေးပရဟိတမှ ထောက်ပံ့ငွေကျပ် တစ်ဦးလျှင် (၁၅) သိန်းစီအား ပီတိပညာရေးပရဟိတနာယက ဦးတင်ထွဋ်နှင့် ဦးအောင်ကျော်ဦးတို့က ပေးအပ်ရာသက်ပြည့်ပင်စင်ယူသည့် ဒေါ်မို့မို့လှိုင်သန်း အထက်တန်းပြ အထက (၁) က လက်ခံပေးခဲ့ပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားပေးခဲ့သည်။
ယင်းနောက် အငြိမ်းစား သက်ကြီးဆရာကြီး၊ ဆရာမကြီးတို့အား ကျန်းမာရေးစောင့်ရှောက် နိုင်ရန်အတွက် ပင်စင်ယူသည့် ဆရာမကြီး (၂) ဦးတို့က အလှူငွေကျပ်၅၀၀၀၀/-စီ လှူဒါန်းပေးခဲ့ရာ ပီတိပညာရေးအဖွဲ့ဝင် ဆရာမကြီးဒေါ်တင်တင်ယုက လက်ခံပေးခဲ့ကြောင်း သိရသည်။
ဇော်ထက်(သရက်)