သရက်မြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်ပေး

သရက် ဇူလိုင် ၁၁

မကွေးတိုင်းဒေသကြီး သရက်မြို့နယ်အတွင်းရှိ ခရိုင်ပြည်သူ့ကျန်းမာနှင့်ကုသရေးဦးစီးဌာနမှ ကြီးမှူး၍ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း (သီရိမင်္ဂလာကျောင်း) ဆောင်ရွက်ခဲ့သည်။

အဆိုပါ အခမ်းအနားတွင် ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ သွားတိုက်နည်းအကြောင်းနှင့် သွေးလွန်တုပ်ကွေးကာကွယရေး၊ ခြင်ကျားနှင့် ပိုးလောက်လမ်း နှိမ်နှင်းပေးမှု အကြောင်းတို့ကို ဆွေးနွေးပြောကြားပေးခဲ့သည်။

ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို ကိုယ်အလေးချိန်တိုင်းတာခြင်း၊ အရေပြား၊ သွားနှင့်ခံတွင်း၊ မျက်စိ၊ နား၊ လယ်ပင်း စသည့်ကျန်းမာရေးစောင့်ရှောက်မှုများ စစ်ဆေး ဆောင်ရွက်ပေးပြီး လိုအပ်သည့် ဆေးကုသမှုများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)