ပခုက္ကူ ဇူလိုင် ၁၁
ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ်၊ အထူးပြုဘာသာရပ် ပေါင်းစုံအမျိုးသား Esport (Mobile Legend) ပြိုင်ပွဲကို ယမန်နေ့ မွန်းလွဲ ၂နာရီခွဲက ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က ပြိုင်ပွဲကျင်းပပြုလုပ်ရခြင်းရည်ရွယ်ချက်များနှင့် ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများအကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် Esport (Mobile Legend) ပြိုင်ပွဲဝင် အားကစားသမားများက အားကစားသစ္စာအဓိဋ္ဌာန်(၄)ရပ်ရွတ်ဆိုကြပြီး ပြိုင်ပွဲအုပ်စုအဖွင့်ပွဲစဉ်အဖြစ် သတ္တဗေဒဌာနအသင်းနှင့် သင်္ချာဌာနအသင်းတို့ယှဉ်ပြိုင်ကစားကြရာ သတ္တဗေဒဌာနအသင်းက နှစ်ပွဲပြတ်ဖြင့် အနိုင်ရရှိသည်။ အဆိုပါပြိုင်ပွဲတွင် ပခုက္ကူတက္ကသိုလ်၊ အထူးပြုဘာသာရပ်ပေါင်းစုံမှ အမျိုးသား Esport (Mobile Legend)ပြိုင်ပွဲဝင် အသင်း (၉)သင်း ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ဇူလိုင်လ ၁၀ ရက်မှ ၁၂ ရက်အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)