ညောင်ဦး ဇူလိုင် ၁၀
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မြေနဲလေးကျေးရွာအုပ်စု မြေနဲ လေးကျေးရွာ မြေငှားဂရန်ထုတ်ပေးနိုင်ရေး မြေပြင်ကွင်းဆင်းစစ်ဆေးခြင်းနှင့်မြေဂရန် (မြေငှားစာချုပ်)ထုတ်ပေးနိုင်ရေးကွင်းဆင်းစစ်ဆေးခြင်းကို ဇူလိုင် ၁၀ ရက် နံနက် ၉ နာရီခွဲက ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးသည်။
၂၀၂၆ ခုနှစ် အစိုးရသစ်လက်ထက် ညောင်ဦးခရိုင်/မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊အနေဖြင့် အများပြည်သူတို့၏ အခြေခံလိုအပ်ချက်များကိုရှေးရှု၍ ဝန်ဆောင်မှုလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ပေးလျက်ရှိရာ Quick Win လုပ်ငန်းအဖြစ် လူနေထိုင်ရန် ကျေးရွာမြေငှားဂရန်ချထားခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ရန် ရွေးချယ်ထားသောကျေးရွာ တစ်ရွာစီတွင် မြေငှားဂရန်(မြေငှားစာချုပ်)ထုတ်ပေးနိုင်ရေးအတွက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများက တစ်အိမ်ချင်းစီအလိုက် မြေတိုင်းတာ၍ လုပ်ငန်းဆောင်ရွက်ထားရှိမှုများ၊ ကျေးရွာသာယာလှပစေရေးဆောင်ရွက် ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်ထားရှိမှုတို့အား ရှင်းလင်းတင်ပြခဲ့ကြောင်းသိရသည်။
ဒီပါလင်း