မောက်မယ်မြို့နယ်၌ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများအား ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်(TOT)သင်တန်းဆင်းပွဲကျင်းပ

မောက်မယ် ဇူလိုင် ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ် ဥပဒေရုံးမှကျင်းပဖွင့်လှစ်သည့် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ဥပဒေအသိပညာပြန့်ပွားရေးဆရာဖြစ်(TOT) သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဥပဒေအသိပညာပြန့်ပွားရေး ဆရာဖြစ်(TOT)သင်တန်းကို ၈−၇−၂၀၂၆ ရက်နေ့တွင် သင်တန်းစတင်ဖွင့်လှစ်ပြီး မြို့နယ်ဥပဒေအရာရှိဒေါ်မြတ်ဆုဆုဇော်က ဥပဒေရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်ဥပဒေချုပ်ရုံး၏လမ်းညွှန်မှုဖြင့် သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်း၊ ရပ်ကွက်(သို့မဟုတ်)ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများအနေဖြင့် ဥပဒေနှင့်ပတ်သက်သည့် အသိပညာများပိုမိုသိရှိနိုင်ပြီး ပြည်သူများကိုလည်း ဥပဒေအသိပညာများ ပြန်လည်မျှဝေနိုင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါသင်တန်းဆင်းပွဲတွင် အုပ်ချုပ်ရေးမှူးများအား မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့် မြို့နယ်ဥပဒေအရာရှိ ဒေါ်မြတ်ဆုဆုဇော်တို့က သင်တန်းဆင်းဂုဏ်ပြုလက်မှတ်များ အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)