လှိုင်းဘွဲမြို့နယ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျချောင်းရေများမြင့်တက်လာသဖြင့် ကြာအင်းချောင်းပေါ်ရှိ ရေမြုတ်တံတားပေါ်သို့ တောင်ကျရေ  (၄)ပေခန့်ကျော်လွန်

လှိုင်းဘွဲ    ဇူလိုင် ၁၀

ကရင်ပြည်နယ် ဘားအံခရိုင် လှိုင်းဘွဲမြို့နယ်အတွင်း မိုးများအဆက်မပြတ် သည်းထန်စွာရွာသွန်းမှုကြောင့် လှိုင်းဘွဲမြို့နယ်နှင့် မြိုင်ကြီးငူ(အထူးဒေသ)ကို ဆက်သွယ်ပေးထားသော မော်တော်ကားလမ်းပေါ်မှကြာအင်းကျေးရွာအနီးရှိ ရေမြုပ်တံတားပေါ်သို့ တောင်ကျချောင်းရေများ (၄)ပေခန့်ကျော်လွန်မြင့်တက်လာသဖြင့် ယနေ့နံနက် ၉ နာရီမှ စတင်၍ လူနှင့် မော်တော်ယာဉ်၊မော်တော်ဆိုင်ကယ်များ   ဖြတ်သန်းသွားလာ၍ မရတော့ကြောင်းသိရသည်။

အဆိုပါ တောင်ကျချောင်းရေ မြင့်တက်မှုကြောင့် အန္တရာယ်မဖြစ်ပေါ်စေရေး စက်တပ်လှေများဖြင့် ဖြတ်သန်းသွားလာနိုင်ရေးအတွက် ကြာအင်းကျေးရွာ အုပ်ချုပ်ရေးမှူး  ဦးစောဉာဏ်ထွန်းဦးနှင့်ကျေးရွာ ရပ်မိ၊ ရပ်ဖများက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)