ကော့ကရိတ် ဇူလိုင် ၁၀
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဆယ်မျိုးဆယ်ဘောင် ရာသီသီးနှံများ စိုက်ပျိုး နိုင်စေရေးအတွက် ကော့ကရိတ်မြို့ အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် တပ်နယ်ခန်းမ၌ ယမန်နေ့က ရာသီသီးနှံမျိုးစေ့များထောက်ပံ့ပေးအပ်သည်။
အခမ်းအနားတွင် အမှတ်(၁၂)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး အောင်သက်ထွေးက အဖွင့်အမှာစကားပြောကြားပြီး မြိုနယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်မျိုးလှိုင်မှ တပ်နယ်အတွင်းရှိ အရာရှိ၊ စစ်သည်မိသားစုဝင်များ ရာသီသီးနှံမျိုးစေ့များ တစ်နိုင်တစ်ပိုင်စိုက်ပျိုးထားခြင်းဖြင့် အိမ်နောက်ဖေးဈေးဆိုင်တည်သလို စားရေးသောက်ရေး လွယ်ကူသက်သာအဆင်ပြေစေသည့်အပြင် ပိုမိုသည့်သီးနှံ၊ ဟင်းသီးဟင်းရွက်များကို လက်ဆောင်ပေးခြင်း၊ ရောင်းချခြင်းဖြင့် မိသားစုဝင်ငွေများတစ်ဖက်တစ်လမ်းမှ ရရှိစေပါကြောင်း ပြောကြားသည်။
ဆက်လက်၍ အခမ်းအနားသို့တက်ရောက်လာသည့် အရာရှိ၊ စစ်သည်များအား မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးမှ သီးနှံမျိုးစေ့ထုပ် (၃၀၀) အား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ခရိုင်(ပြန်/ဆက်)