ဆိပ်ဖြူ ဇူလိုင် ၁၀
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးရန်အတွက် ဒေသခံတောင်သူများအနေဖြင့် စိုက်ပျိုမြေပြုပြင်ခြင်းနှင့် မိုးစပါးများ ပျိုးထောင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဆိပ်ဖြူမြို့နယ်အနေဖြင့် ၂၀၂၆ ခုနှစ်အတွက် မိုးစပါးကို (၁၀၅၇၄) ဧက စိုက်ပျိုးဆောင်ရွက်ရန်ရည်ရွယ်၍ ဒေသခံတောင်သူများက ဆည်တံမံများ၊ မြောက်အောက်ရေတင်စနစ်၊ မိုးကောင်းသောက်အစရှိသော ရေရှိရေးနည်းလမ်းအသွယ်သွယ်တို့ဖြင့် မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်ဆောင်ရွက်လျှက်ရှိပြီး၊ မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်မှုဦးစီးဌာန (ဆည်မြောင်း) က ဆည်တံမံ (၉) ခုရှိသည့်အနက် ဆည်အတွင်း စိုက်ပျိုးရေဝင်ရောက်မှုအပေါ်မူတည်၍ ဆည်တမံ (၅) ခုမှ မိုးစပါးစိုက်ပျိုးဆောင်ရွက်မည့် ဆည်ရေသောက်စိုက်ပျိုးဧရိယာမှ ဒေသခံတောင်သူများအတွက် ရေပေးမြောင်းများမှ မိုးစပါးပျိုးထောင်ရေနှင့် မြေပြင်ရေများကို ပို့လွှတ်ဆောင်ရွက်ပေးနေကြောင်း၊ မိုစပါးအတွက် လယ်မြေများ၌ မြေပြင်ပြီး စိုက်ဧက( ၆၈၆) ဧက ၊ ပျိုးထောင်ထားရှိသည့် မိုးစပါး (၈၂၀) ဧကဖြစ်ပြီး၊ မိုးစပါးကို အထွက်နှုန်းကောင်းမွန်သည့် အောင်နိုင်တိုး၊ ဆင်းသုခနှင့် ဧရာမင်းမျိုးများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက ဖြန့်ဝေဆောင်ရွက်ထားရှိကာ လျာထားစိုက်ဧက ပြည့်မီစွာ စိုက်ပျိုးဆောင်ရွက်ရေး၊ သီးနှံအထွက်နှုန်း အောင်မြင်ဖြစ်ထွန်းရေးအတွက် စိုက်ပျိုးရေးနည်ပညာများကိုလည်း ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သက်ဆိုင်ရာဦးစီးဌာနမှ တာဝန်ရှိသူများထံမှ ပြောကြားချက်အရ သိရှိရသည်။
ကိုဇွဲ (အညာမြေ)