ငဖဲမြို့နယ်တွင် (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ၊ ဉာဏ်စမ်း ပြိုင်ပွဲ နှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

ငဖဲ ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ပြည်သူ့ စာကြည့်တိုက်ခန်းမတွင် အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ အသိပညာဗဟုသုတ တိုးပွားစေရန်နှင့် ကာယဉာဏ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ (၇၉)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ ဉာဏ်စမ်းပြိုင်ပွဲနှင့်  နံရံကပ်စာစောင်ပြပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ငဖဲမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိဒေါ်ယုယုသိန်း က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ ဗိုလ်ချုပ်အောင်ဆန်းနှင့်အာဇာနည်ခေါင်းဆောင်ကြီးများ၏အတ္ထုပ္ပတ္တိ နှင့် ဒုတိယဦးစီးမှူးဒေါ်ဉမ္မာကျော်က ဉာဏ်ပညာရွှေအိုးနှင့် ညီအစ်ကိုနှစ်ယောက်ပုံပြင်နှင့် စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ ကျောင်းသား/သူများအား  အသိပညာပေး ဆွေးနွေးပြောကြားသည်။

ထို့နောက် အာဇာနည်နေ့အထိမ်းအမှတ်သိကောင်းစရာများနှင့် နေ့ထူးနေ့မြတ် အကြောင်းအရာများကို ဉာဏ်စမ်းမေးခွန်းမေးမြန်း၍ ဖြေဆိုနိုင်သူ ကျောင်းသားကျောင်းသူ(၅)ဦးကို လက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး (၇၉)နှစ်မြောက်အာဇာနည်နေ့အထိမ်းအမှတ်နံရံကပ်စာစောင်၊ အာဇာနည် ခေါင်းဆောင် ကြီးများ၏ အတ္ထုပ္ပတ္တိ၊  ဗိုလ်ချုပ်အောင်ဆန်း၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုမှတ်တမ်း ဓါတ်ပုံများ နှင့် ကလေးအလုပ်သမား ပပျောက်ရေးဆိုင်ရာနံရံကပ်စာစောင်များကို ပြသဆောင်ရွက်ခဲ့ရာ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

မယု(ငဖဲ)