နတ်မောက်မြို့ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတွင် နယ်လှည့်စာကြည့်တိုက် နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့် ဟောပြောပွဲပြုလုပ်

နတ်မောက် ဇူလိုင် ၈

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့တွင် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ ဓာတ်ပုံပြပွဲနှင့်ဟောပြောပွဲကို ယမန်နေ့နံနက်၁၀ နာရီအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်မြမြစိုးက ကျောင်းသား/သူများ ယဥ်ကျေး လိမ္မာမှုရှိစေရန်နှင့် စည်းကမ်းရှိစေရန် အသိပညာပေးပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က ကျောင်းသား/သူများအနေဖြင့် အားလပ်ချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ဗဟုသုတတိုးပွားစေရေးအတွက် ကျောင်းစာအပြင် ပြင်ပစာပေများကို လေ့လာဖတ်ရှုကြစေရန်၊ ဗလငါးတန်နှင့်ပြည့်စုံသော လူတော်လူကောင်းများ ဖြစ်လာစေရန်အတွက် အသိပညာပေး အကြောင်းအရာများကို ဟောပြောခဲ့သည်။

ထို့နောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသည့် နံရံကပ်စာစောင်များကို ကျောင်းသား/သူများက ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

လှဝင်း