ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်းများ ကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်းသင်တန်းဖွင့်လှစ်

ကျောက်ဖြူ   ဇူလိုင်  ၇

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ သဘာဝဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုစာရင်း များ ကောက်ယူမည့်ပုံစံ ရှင်းလင်းခြင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို  ယနေ့ နံနက် ၈ နာရီက အစိုးရ ရပ်ကွက်ရှိ ရမ္မာဝတီခန်းမတွင် ဖွင့်လှစ်ပြသသည်။ 

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားပြီး ကနဦးလုပ်ငန်းကော်မတီ အတွင်းရေးမှူး၊ ဗဟိုစာရင်းအင်းအဖွဲ့ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူး ဒေါ်စပယ်ဦးက စာရင်းကောက်ယူမှုပုံစံတွင် ပါဝင်သည့်အပိုင်းများအားကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ဌာနများနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်း သား၊ သင်တန်းသူများသည် စုပေါင်းမှတ်တမ်း တင်ဓာတ်ပုံများ ရိုက်ကူးခဲ့ကြသည်။

ယင်းနောက် သင်တန်းအားဆက်လက်ပြသရာ ပြည်နယ်ဗဟိုစာရင်းအင်းအဖွဲ့မှ ပြည်နယ်တာဝန်ခံ ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးတို့က စာရင်းကောက်ယူမှုပုံစံတွင် ပါဝင်သည့်အပိုင်းများအား ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်ရမည့် ဌာနများနှင့်စပ်လျဉ်း၍ သိရှိဆောင်ရွက်ရမည့် အချက်အလက်များအား စာတွေ့လက်တွေ့ ဆွေးနွေးပို့ချလျက်ရှိကြောင်း သိရသည်။

တင်ထွန်းဦး(ပြန်/ဆက်)