မင်းဘူး(စကု)မြို့နယ်၌ အခြေခံနှင့်မွမ်းမံစက်ချုပ်နည်းပညာသင်တန်း ဖွင့်လှစ်

မင်းဘူး ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၌ ဒေသတွင်း အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစု ဝင်ငွေတိုးရေးစီမံကိန်းဖြင့် ဖွင့်လှစ်သည့် အခြေခံနှင့် မွမ်းမံစက်ချုပ်နည်းပညာသင်တန်းကို ဇူလိုင် ၄ ရက် နံနက်ပိုင်းက ကန်ရေကျေးရွာရှိ ဓမ္မာရုံ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲ အခမ်းအနားတွင် မင်းဘူးခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နုရွှေစင်က ဒေသတွင်း အသေးစားကုန်ထုန်လုပ်ငန်းများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးရေးစီမံကိန်းဖြင့် လုပ်ငန်းများအကောင်အထည် ဖော်ဆောင်ရွက်နေမှုကို ရှင်းလင်းပြောကာ ကန်ရေကျေးရွာအုပ်ချုပ်ရေးမှူးက သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြောကြားပြီး သင်တန်းသုံးကုန်ကြမ်းပစ္စည်းများကို သင်တန်းသူများထံ ပေးအပ်ခဲ့သည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မင်းဘူးခရိုင်ရုံးက ကြီးမှူးဖွင့်လှစ်သည့် အခြေခံစက်ချုပ်နည်းပညာသင်တန်းတွင် သင်တန်းသူ ၁၅ ဦးဖြင့် ဇူလိုင်လ ရက်မှ ဩဂုတ်လ ၂၀ ရက်နေ့အထိ အခြေခံနှင့်မွမ်းမံသင်တန်းများအဖြစ် ရက်ပေါင်း (၄၅) ရက်ကြာဖွင့်လှစ်ပြီးလုပ်ငန်းများ ကျွမ်းကျင်တတ်မြောက်သည်အထိ စာတွေ့လက်တွေ့ ဘာသာရပ်များဖြင့် စနစ် တကျ ဖွင့်လှစ်သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း၊ အဆိုပါသင်တန်းမှ အမှန်တကယ် ကိုယ်ပိုင်လုပ်ငန်းထူထောင်မည့် ထူးချွန်သင်တန်းသား (၅)ဦးအား သတ်မှတ်ချက်များနှင့်အညီ စိစစ်ရွေးချယ်ပြီး တစ်ဦးလျှင် ငွေကျပ် ၁၈ သိန်းနှင့်ညီမျှသော ဒေသဖွံ့ဖြိုးရေး လုပ်ငန်းသုံးစက်ပစ္စည်းများပေးအပ်၍ အသေးစားလုပ်ငန်းရှင်များဖြစ်အောင် လုပ်ငန်းမှတ်ပုံတင်များ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါဦးစီးဌာနမှ သိရသည်။

မောင်မောင်(မင်းဘူး)