ပွင့်ဖြူ ဇူလိုင် ၅
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများကို မိုးစပါးနှင့် အခြားမိုးသီးနှံ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ၂၀၂၆ - ၂၀၂၇ ဘဏ္ဍာနှစ် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ များကို မေလ ဒုတိယပတ်မှစပြီး တောင်သူများလက်ဝယ်အရောက် စနစ်တကျ ထုတ်ချေးပေးခဲ့ရာ ဇွန် ၃၀ ရက်နေ့ထိ စိုက်ပျိုးစရိတ်ချေးငွေကျပ် ၃၉၀၁၃၀၀၀၀၀ ထုတ်ချေးဆောင်ရွက် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။
ဒေသခံတောင်သူများကို စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေးရာ၌ မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဒေါ်ချောစုအောင်က ချေးငွေများ မထုတ်ချေးမီ သီးနှံအလိုက် ချေးငွေထုတ်ချေးပေးမှု နှုန်းထားနှင့် ချေးငွေပေးဆပ်ရမည့်ကာလတွင် အချိန်မီ ပေးဆပ်နိုင်ရေးအတွက် လိုက်နာရမည့် စည်းကမ်းချက်များကို အသိပေး ရှင်းလင်း ဆွေးနွေးပြောကြားပြီး စိုက်ပျိုးစရိတ်ချေးငွေများကို ဒေသခံတောင်သူများ လက်ဝယ်အရောက် စနစ်တကျ ထုတ်ချေး ဆောင်ရွက်ပေးကြောင်း သိရသည်။
အဆိုပါ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေ ထုတ်ချေးပြီးစီးမှုအနေဖြင့် မေလ ၁၃ ရက်နေ့မှ ဇွန် ၃၀ ရက်နေ့ထိ ကျေးရွာ အုပ်စု (၁၇)အုပ်စုမှ တောင်သူ (၂၆၃၃)ဦး၏ စပါးစိုက်လယ်မြေ (၁၂၉၅၁) ဧကနှင့် အခြားသီးနှံ (၆၄)ဧကတို့အတွက် စုစုပေါင်း ငွေကျပ် ၃၉၀၁၃၀၀၀၀၀ အား တောင်သူများထံ လက်ဝယ်အရောက် ထုတ်ချေးပေးနိုင်ခဲ့ပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်မြန်မာ့ လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ တာဝန်ခံဘဏ်မန်နေဂျာ ဒေါ်ချောစုအောင်ထံမှ သိရသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မိုးစပါးနှင့် အခြားမိုးသီးနှံ အခက်အခဲမရှိ အဆင်ပြေစွာ စိုက်ပျိုးနိုင်ရေးအတွက် ချေးငွေထုတ်ချေးပေးရန် ကျန်ရှိသည့် ကျေးရွာအုပ်စုများမှ တောင်သူများကိုလည်း မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲက ရုံးဖွင့်ရက်များတွင် ဆက်လက်ထုတ်ချေးဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှိုင်ဝင်းလေး ( ပွင့်ဖြူမြေ )