ဖောင်းပြင် ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၁ နာရီက အသက်မွေး၀မ်ကျောင်း အထောက်အကူပြု ချည်ထိုးနည်းသင်တန်းကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးဇော်လင်းအောင်က လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်ရေး၊ မိသားစု၀င်ငွေတိုးတက်စေဖို့ တစ်ပိုင်တစ်နိုင် အသက်မွေး၀မ်းကျောင်းအထောက်အကူပြု ချည်ထိုးနည်းသင်တန်းကို ဖွင့်လှစ်ပေးရခြင်း ဖြစ်ကြောင်း သင်တန်းတွင်ပို့ချသည့် ပညာရပ်များကို ကြိုးစားသင်ယူကြရန်ပြောကြားသည်။ ဆက်လက်ပြီး သင်တန်းဆရာကသင်တန်းတွင် သင်ကြားပေးမည့် ဘာသာရပ်များနှင့်ပက်သက်၍ ပြောကြားကာ မြို့နယ်ဦးစီးမှူးက သင်တန်းသားများ ကိုယ်စားသင်တန်းသူ(၂)ဦးထံ သင်ထောက်ကူပစ္စည်းများကိုပေးအပ်ခဲ့သည်။
အဆိုပါ အသက်မွေး၀မ်းကျောင်းအထောက်အကူပြု ချည်ထိုးနည်းသင်တန်းကို ဇူလိုင်လ(၄-၇- ၂၀၂၆) ရက်နေ့မှ(၁၀-၇-၂၀၂၆) ရက်နေ့အထိ ၇ ရက်ကြာ ဖွင့်လှစ်မည်ဖြစ်ရာ သင်တန်းတွင် မြို့နယ်အတွင်းရှိ စိတ်ပါ၀င်စားသူသင်တန်းသူ (၁၅) ဦး သင်ယူလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)