ဖောင်းပြင်မြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ဖောင်းပြင် ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မြို့နယ်သစ်တောဦးစီးဌာနကကြီးမှူး၍ မြန်မာ အမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ဇူလိုင် ၃ ရက်နေ့နံနက်(၇)နာရီခွဲအချိန်က ဖောင်းပြင်-ဟုမ္မလင်းသွား ကားလမ်းဘေး သစ်ကွင်းဟောင်းနေရာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် လုံခြုံရေးတပ်ဖွဲ့များအား ပျိုးပင်များကိုပေးအပ်ခဲ့ကြသည်။ ထို့နောက် ပျိုးပင်များကို စိုက်ပျိုးကြရာ ကျွန်း (၂၀၀)ပင်၊ ပျဉ်းကတိုး (၁၀၀)ပင်၊ မန်ဂျန်ရှား (၁၄၀) ပင်၊ ခရေ (၅၀)ပင်၊ တမာ (၅၀)ပင် ၊စုစုပေါင်းပျိုးပင်(၅၄၀)ပင်ကိုစုပေါင်း စိုက်ပျိုးခဲ့ကြသည်။

အဆိုပါ မြန်မာအမျိုးသမီးများနေ့အထိမ်းအမှတ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ခေတ္တဥက္ကဋ္ဌ ရဲမှူးကျော်စိုးထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုမင်းဇော်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဝန်ထမ်းများ၊ တပ်မတော်တပ်ရင်းတပ်ဖွဲ့များမှ တာဝန်ရှိသူများ၊ လုံခြံရေးတပ်ဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ အတွင်းရေးမှူးနှင့် အဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၅၄၀)ဦး တက်ရောက်ကာပျိုးပင်များကိုစု‌ပေါင်း၍ စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)