မုံရွာ ဇွန် ၅
(၁၀၄)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အခမ်းအနားကို ဇူလိုင်လ(၄)ရက်နေ့နံနက်(၉)နာရီက စစ်ကိုင်းတိုင်းဒေသကြီး သမဝါယမဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော်ကိုယ်စားလှယ် ဒေါ်ကြူကြူစိန်နှင့် ဖိတ်ကြားထားသော တိုငိးဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ တိုင်းဒေသကြီး သမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးနှင့် လက်ထောက်ညွှန်ကြားရေးမှူးများ၊ တိုင်းဒေသကြီးရုံးနှင့် မြို့နယ်ရုံးများမှ ဝန်ထမ်းများ၊ တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ်မှ အမှုဆောင်များ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် တိုင်းဒေသကြီးသမဝါယမဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်စံစံလင်းမှ သမဝါယမအကြောင်း ရှင်းလင်းပြောကြားပြီး တိုင်းဒေသကြီးသမဝါယမအသင်းစုချုပ် ကိုယ်စားလှယ်တစ်ဦးက အပြည်ပြည်ဆိုင်ရာသမဝါယမနေ့ သဝဏ်လွှာဖတ်ကြားကာ အမှတ်တရစုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးပြီး အခမ်းအနားကို အောင်မြင်စွာပြီးမြောက်ခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)