ဟုမ္မလင်းမြို့၌ စစ်ကိုင်းတိုင်းသေကြီးအစိုးရအဖွဲ့၊ ချင်းတိုင်းရင်းသားလူမျိုးရေးရာဝန်ကြီး နှင့်ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများတွေ့ဆုံ

ဟုမ္မလင်း   ဇူလိုင် ၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင်၊ ဟုမ္မလင်းမြို့၌ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရ အဖွဲ့ချင်းတိုင်းရင်းသားလူ မျိုးရေးရာဝန်ကြီး နှင့်ခရိုင်/မြဌို့နယ်အဆင့်ဌာန ဆိုင်ရာများတွေ့ ဆုံပွဲကို ဇူလိုင် (၄)ရက် နံနက် ၁၀ နာရီအချိန်တွင်  ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အစည်းအဝေးခန်းမ၌ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များနှင့် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားကို စစ်ကိုင်းတိုင်းဒသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီးဦးငွန်ဘွလ်ထန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဌ ဦးအောင်ဟိန်းကျော်က ဟုမ္မလင်း ခရိုင်နှင့်ပတ်သက်၍ အုပ်ချုပ်ရေး၊ လူမှုရေး၊စီးပွားရေး အခြေအနေများကို ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (ဟုမ္မလင်း) ဦးစိုင်းစံလှစိုး၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် (မော်လိုက်) ဦးစိုင်းအောင်ခမ်း၊ စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် (ဘုတလင်)ဦးသိန်းသန်းစိုးတို့က မိတ်ဆက်စကားပြောကြားခဲ့ကာ လွှတ်တော်ကိုယ်စားလှယ်များက ဒေသအတွင်းလိုအပ်ချက်များနှင့် ပတ်သက်၍ဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့်ပတ်သက်သည်များကိုရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့်ဌာနဆိုင်ရာများက မိမိတို့၏ လိုအပ်ချက်များကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြရာ စစ်ကိုင်းတိုင်းဒသကြီးအစိုးရအဖွဲ့ ချင်းတိုင်းရင်းသား လူမျိုးရေးရာ ဝန်ကြီးဦးငွန်ဘွလ်ထန်က ထွေထွေဆွေးနွေးတင်ပြချက်အပေါ် ညှိနှိုင်းပေါင်းစပ်ပြန် လည်ဆွေးနွေးကာ နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)